သံသေတ္တာများကို တစ်နှစ်ပတ်လုံး ပြုလုပ်ရောင်းချသည့် ခေါင်းကွဲကျေးရွာ
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ခေါင်းကွဲကျေးရွာမှာ ရှေးယခင်ကတည်းက သံဖြူလုပ်ငန်း လုပ်ကိုင်ကာ ဒေသအနှံ့ တင်ပို့ရောင်း ချလျက်ရှိသည်။ သံသေတ္တာနှင့် အခြားပစ္စည်းများကို ရွာလုံးကျွတ် စီးပွားဖြစ် လုပ်ကိုင်ကာ တင်ပို့ပေးလျက်ရှိပြီး ရွာလုံးကျွတ်နီးပါး သံဖြူပညာရှင်များစွာ ရှိနေသည်။







