မြဝတီ၊ ကျိုက်ထိုနှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ 

မြဝတီခရိုင်ရဲတပ်ဖွဲ့မှ ဇွန် ၆ ရက် နံနက် ၁၀ နာရီခွဲ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဇော်ဂျီ(၂)လမ်းတွင်တွေ့ရှိသူ စိုင်းရွှေနှင့် မနန်းရှန်နွန်း တို့အားစစ်ဆေးရာ ၎င်းတို့နှစ်ဦးထံမှ ..............
ကလေးမြို့နယ်တွင် မိုးကြိုးထိမှန်၍ နွားမ ၁၉ ကောင် သေဆုံး

မြင်းခြံမြို့နယ် မြောက်ကျွန်းကျေးရွာတွင် မိုးကြိုးပစ်ခံရ၍ ၃ ဦးသေ၊ ၁ ဦးဒဏ်ရာရ
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် သာပေါင်းကျေးရွာအုပ်စု မြောက်ကျွန်းကျေးရွာတွင် ဇွန် ၆ ရက် ညနေ ၄ နာရီခန့်က လူ ၄ ဦး မိုးကြိုးပစ်ခံရ၍ လူ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ရပ်စောက်မြို့၌ မိုးကြိုးထိမှန်၍ တစ်ဦးသေဆုံးပြီး လေးဦးဆေးကုသမှုခံယူရ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ဖောင်းတောကျေးရွာတွင် ဇွန် ၆ ရက် မွန်းတည့် ၁၂ နာရီခန့်က တောင်ယာပြောင်းခင်း ပေါင်းဆွသွားရောက်လုပ်ကိုင်သူများအား မိုးကြိုးပစ်၍ တစ်ဦးသေဆုံးပြီး လေးဦး ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရကြောင်း
ဒေါပုံမြို့နယ်၌ ပုဇွန်တောင်ချောင်းအတွင်း အောင်မေတ္တာ ကမ်းနားရေဆိပ်တွင် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

ဖယ်ခုံ၊ ဟိုပုံးနှင့် လောက်ကိုင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဇွန် ၄ ရက် ညနေ ၆ နာရီတွင် ဖယ်ခုံမြို့နယ်၊ ခေါင်းအီကျေးရွာအုပ်စု၊ ခေါင်းအီရွာသစ်ကျေးရွာ၏အရှေ့ဘက်ရှိကားလမ်းတွင် ကျော်သန်း မောင်းနှင်ပြီး ၎င်း၏ဇနီး မဝင်းနု လိုက်ပါလာသည့် MARK II အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကိုလည်းကောင်း။
ဆီဆိုင်မြို့နယ်တွင် စက်သုံးဆီသိုလှောင်ကန် အတွင်းသို့ မောင်းထည့်ရာမှ ရေစုပ်စက်အပိတ်ခေါင်းပွင့်ပြီး စက်အပူရှိန်ကြောင့် မီးလောင်မှုဖြစ်ပွား 
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာ ရပ်ကွက်၊ နယ်မြေ(၈)ရှိ ရွှေညောင်ပင်စက်သုံးဆီအရောင်းဆိုင်တွင် ဇွန် ၅ ရက် နံနက်ပိုင်းက စက်သုံးဆီသိုလှောင်ကန်အတွင်းသို့ မောင်းထည့်ရာမှ ရေစုပ်စက်အပိတ်ခေါင်းပွင့်ပြီး စက်အပူရှိန်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။