တာချီလိတ်မြို့နယ်တွင် လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၃ ရက် ညနေ ၃ နာရီတွင် သတင်းအရ တာချီလိတ်မြို့၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် လက်နက်ခဲယမ်းများ၊ စိတ်ကြွရူးသွပ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သိရှိရသည်။







