မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် မေ ၃၀ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မောင်တောမြို့နယ်၊ မြို့မကညင်တန်း (အလယ်) ကျေးရွာနေ ဂျူဟာရ်ဟူဆိန်း(၆၅)နှစ်နှင့် သမီးဖြစ်သူ မရေခါယာဒ်ဖာတေမာ (၂၅)နှစ်တို့ နှစ်ဦးအား တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၄ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇,၀၉၀,၇၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။