ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ဝက်စာပိုးကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၇)နှင့် (၁၃၁/၈) အကြားတွင် ယမန်နေ့ နေ့လည် ၂ နာရီခွဲခန့်က ပြည်ဘက်မှရန်ကုန်ဘက်သို့ မြင့်သန်းဦးမောင်းနှင်၍ ပြည်စိုးအောင်၊ ချစ်မင်းအောင်တို့ လိုက်ပါလာသော ယာဉ်သည် လမ်းချော်ပြီး လမ်းညာဘက်ခြမ်းရှိ သစ်ပင်အား ဝင်တိုက်မိခဲ့သည်။