ကောလင်းမြို့နယ်နှင့် သာကေတမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်တပ်ဖွဲ့စု(၆)ကသာမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၀ ရက် ညနေ ၅ နာရီခွဲက ကောလင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား သွားကားလမ်း၊ မိုင်တိုင်အမှတ်(၁၁၆/၃)အနီးရှိ တောအတွင်းရပ်တန့်ထားသည့် IPSUM အမျိုးအစားမော်တော်ယာဉ်ကိုတွေ့ရှိ၍ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ဝ၁ ကီလို သိမ်းဆည်းရမိခဲ့သည်။







