ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီးလမ်းဆုံအနီး၌ AA အဖွဲ့ ထောင်ထားသော ဒေသန္တရလက်လုပ်မိုင်း ၃ လုံး တူးဖော်ရရှိ
ရန်ကုန်-အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး၊ ကျောက်တော်-မြောက်ဦး လမ်းပိုင်းပေါ်ရှိ ကျောက်တော်မြို့ မဟာမုနိဘုရားကြီးလမ်းဆုံအနီး၌ ယနေ့နံနက်ပိုင်းက AA အဖွဲ့ ထောင်ထားသော ဒေသန္တရလက်လုပ်မိုင်း ၃ လုံးအား တပ်မတော် လုံခြုံရေးစစ်ကြောင်းက တူးဖော်ရရှိခဲ့ကြောင်း သိရသည်။






