သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲ တပ်ဖွဲ့ဝင်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်မတော်(ရေ)တို့မှ ပူးပေါင်းအဖွဲ့သည် တရားမဝင် သစ်ဖော်ထုတ်ရှာဖွေဖမ်းဆီးရေးဆောင်ရွက်လျက်ရှိရာ ဧပြီ-၂၂ မှ ၂၄ ရက်အထိ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်အတွင်း စက်လှေ(၂)စီးပေါ်မှ တရားမဝင် အခြားသစ်ခွဲသား (၁၄)တန်ခန့်နှင့်အတူ ကျူးလွန်သူ (၅)ဦး ဖမ်းဆီးရမိခဲ့သည်။