မကာအိုအပြည်ပြည်ဆိုင်ရာ နဂါးလှေလှော် ဖိတ်ခေါ်ပြိုင်ပွဲတွင် လက်ရွေးစင် အမျိုးသမီး လှေလှော်အသင်း ငွေတံဆိပ်ရရှိ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအို၌ ဇွန် ၇ ရက်က ကျင်းပခဲ့သော မကာအို အပြည်ပြည်ဆိုင်ရာ နဂါးလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် အမျိုးသမီး လှေလှော်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငွေတံဆိပ်ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။




