ရန်ကုန်မြင်းစီးအသင်း (၄၆)နှစ်မြောက် အထိမ်းအမှတ် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲ ကျင်းပ
ပြည်ထောင်စုနေ့နှင့် ရန်ကုန်မြင်းစီးအသင်း (၄၆)နှစ်မြောက် အထိမ်းအမှတ် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရန်ကုန်မြင်းစီးအသင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။








