မြေလတ်ဧရာ(ဧရာအနောက်)ဖလား ဘောလုံးပြိုင်ပွဲ စစ်ကိုင်းတိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် လူငယ်အသင်း ဗိုလ်စွဲ
ပခုက္ကူမြို့ ဟိုတယ်ရိုးမမှ အဓိကကူညီပံ့ပိုးသောမြေလတ်ဧရာ(ဧရာအနောက်)ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီက ၁၃ ရက် ညနေ ၃ နာရီခွဲက ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အသက်(၁၉)နှစ် အောက် လူငယ်အသင်းက ဧရာအနောက်(ပခုက္ကူအသင်း)အား လေးဂိုး နှစ်ဂိုးဖြင့်အနိုင်ရ ဗိုလ်စွဲသွားကြောင်း သိရသည်။





