Latest News

နောက်ဆုံးရသတင်းများ

ဧရာဝတီမြစ်ရေ စစ်ကိုင်းမြို့၏ စိုးရိမ်ရေအမှတ်အထက် ၁၂ မီတာကျော်လွန်ကာ ရပ်ကွက်၊ ကျေးရွာများ ရေဝင်နစ်မြုပ်မှုများဖြစ်ပွား

ပြည်တွင်း

20/07/19

ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့၏ အမြင့်ဆုံးစိုးရိမ်ရေအမှတ်အထက် ရောက်ရှိနေပြီး မြို့အနိမ့်ပိုင်းရပ်ကွက်များနှင့် စစ်ကိုင်းမြို့အနောက်ဘက်ရှိ ကျေးရွာများတွင် ရေဝင်နစ်မြုပ်မှု ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

မြို့နယ်အချို့တွင် မြစ်ရေတက်မှုကြောင့် အိမ်ထောင်စုများရွှေ့ပြောင်းနေထိုင်လျက်ရှိ

ပြည်တွင်း

20/07/19

 ၂၀၁၉ ခုနှစ် ဇူလိုင်လ  ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ မှ ညနေ ၇ နာရီခွဲအချိန်ထိ သပိတ်ကျင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်ပြီး ရေအနက် ၄/၆ ပေခန့် ဝင်ရောက်မှုကြောင့် တကောင်းမြို့ (၁)ရပ်ကွက်ပါ ၃ ခုနှင့် လက်ပံကုန်း ကျေးရွာပါ ၄ ရွာတို့မှ အိမ်ထောင်စု ၁၉၄ စု၊ လူဦးရေ ၈၃၁ ဦး တို့သည် နီးစပ်ရာ ဆွေမျိုးများ နေအိမ်သို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်းနှင့် စာသင်ကျောင်း ၁ ကျောင်း ယာယီ ပိတ်ထားကြောင်း သိရှိရသည်။

အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်နှင့် ခါးပတ်မပတ်ဘဲ မောင်းနှင်သည့် ယာဉ်များအား အရေးယူမှု

မှုခင်း

20/07/19

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ ည ၆ နာရီ မှ ၁၉ ရက်နေ့ ညနေ ၅ နာရီထိ မိတ္ထီလာမြို့နယ် သီးကုန်း တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၅ စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးသို့ တရားစွဲတင်ပို့မည်ဖြစ်ကြောင်းနှင့် ၂၀၁၉ ဇန်နဝါရီလ  ၁ ရက်နေ့ မှ ဇူလိုင်လ ၁၉ ရက်ထိ သတ်မှတ် မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ် ၅၉၆၈ စီး ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရှိရသည်။

သုံးခွမြို့နယ်တွင် နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား

မှုခင်း

20/07/19

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် မှိုကုန်းသာကျေးရွာတွင် ဇူလိုင်လ ၁၈ ရက်နေ့ ည ၉ နာရီက အဆိုပါကျေးရွာနေ သန်းဇော်(၃၆)နှစ်၏ နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်အား မီးကူးစက်လောင်းကျွမ်းခဲ့ရာ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၁၀ နာရီ ၂၀ မိနစ် အချိန်ခန့် တွင် မီးငြိမ်းသွားခဲ့သည်။

ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေများ စိုးရိမ်ရေမှတ် အထက် ၂ ပေခန့်ကျော်လွန်ရောက်ရှိ

မိုးလေဝသ

20/07/19

ယနေ့ နံနက် ၁၁ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် သပိတ်ကျင်းမြို့တွင် ၂ ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာတွင် စားသုံးသူများဘက်က တိုင်ကြားမှုအများဆုံးမှာ ဝန်ဆောင်မှုဆိုင်ရာ မကျေနပ်ချက်များဖြစ်နေ

ပြည်တွင်း

20/07/19

နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ--------

နောက် ၂ ရက်အတွင်း ကချင်ပြည်နယ်တွင် မိုးပိုနေမည်

မိုးလေဝသ

20/07/19

ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေသည်။