Latest News

နောက်ဆုံးရသတင်းများ

ပုလောမြို့နယ်၊ မလိကျွန်းရေပြင်၌ ပိုင်ရှင်မဲ့မူးယစ်ဆေးဝါး ကျပ်သိန်း(၉၆၀ဝ)ခန့်သိမ်းဆည်းရမိ

မှုခင်း

13/06/19

ရေပြင်ပေါ်တွင် (DAGUANYIN) စာတမ်းပါ အဝါရောင်ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် (ICE) ဟုထင်ရသော မူးယစ်ဆေးဝါးအထုပ်များ မျောပါနေကြောင်း

ကရင်ပြည်နယ်အတွင်း မိုးစပါး ၄၃၆၀၃၉ ဧက စိုက်ပျိုးရန်လျာထား 

ပြည်တွင်း

13/06/19

ကရင်ပြည်နယ်အတွင်းရှိ ခရိုင်လေးခရိုင်နှင့် မြို့နယ်(၇)မြို့နယ်တွင် ယခုနှစ်မိုးရာသီကာလအတွင်း မိုးစပါး ၄၃၆၀၃၉ ဧက စိုက်ပျိုးရန် လျာထားရာ တောင်သူအများစုမှာ မေလကုန် ဇွန်လဆန်းခန့်မှ လယ်ယာလုပ်ငန်းခွင်ကို စတင်ဝင်ရောက်ကြပြီး အောက်တိုဘာလကုန်ထိ ရာသီဥတုအခြေအနေကိုလိုက်၍ မိုးစပါးကို စိုက်ပျိုးသွားကြမည် ဖြစ်ကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်မှ ဆောက်လုပ်လှူဒါန်းသည့် တစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ

ပြည်တွင်း

13/06/19

ရန်ကုန် ၁၃ ဇွန်

သီလဝါအထူးစီးပွားရေးဇုန်မှ ဆောက်လုပ်လှူဒါန်းသည့် ကျောက်တန်းမြို့နယ်၊ အေးမြသီတာရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရဲတပ်ရင်း၊ တစ်ထပ်ကျောင်းဆောင်သစ် အဆောက်အဦဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းဆောင်သစ်တွင် ကျင်းပခဲ့ သည်။

မြစ်ရေတင်၂၃ ခုမှနွေ စပါးအပြင် မိုးနှောင်းကာလတွင်လည်း အောင်ရေအဖြစ် ပို့လွှတ်လျက်ရှိ

ပြည်တွင်း

13/06/19

ရန်ကုန်တိုင်းဒေသကြီး စပါးစိုက်ပျိုးရေးကဏ္ဍတွင် လိုအပ်သောရေကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဌာန(ရေအရင်းအမြစ်)မှ တောင်သူများအတွက် နှစ်စဉ်ပံ့ပိုးပေးလျက်ရှိရာ

စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်များနှင့် ကိုယ်လက်ကြံ့ခိုင်မှုရှိစေရေး ဂိမ်းပြိုင်ပွဲများ ကျင်းပပေး

ပြည်တွင်း

13/06/19

ကျောင်းသား ကျောင်းသူများ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရေးနှင့် ကိုယ်လက်ကြံ့ခိုင်မှုရှိစေရေးကိုရည်ရွယ်၍ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ ၂ နာရီ၌ ဂိမ်းပြိုင်ပွဲများ ကျင်းပသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီအစည်းအဝေး(၂၁/၂၀၁၉) ကျင်းပ

ပြည်တွင်း

13/06/19

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး(၂၁/၂၀၁၉)ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စု လွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စာဖတ်ပရိသတ်လက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေး

ပြည်တွင်း

13/06/19

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပူတာအိုခရိုင်ရုံးဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အားလပ်ချိန်များတွင် စာအုပ်စာပေလေ့လာခြင်းဖြင့် အချိန်ကို အကျိုးရှိရှိအသုံးပြုစေရန်အတွက် ယနေ့ မွန်းတည့် ၁၂ နာရီတွင်

ပထမအကြိမ် ဘင်းမ်စတက် အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီ ဒုတိယအကြိမ်အကြို ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်တွင်း

13/06/19

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ပထမအကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေးအဆင့်မြင့်အရာရှိများ အစည်းအဝေးနှင့် ဘင်းမ်စတက် စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် .......

(၁၀)ကြိမ်မြောက် မဲခေါင်စာပေဆုပြိုင်ပွဲအတွက် စာအုပ်များဖိတ်ခေါ်

ပြည်တွင်း

13/06/19

၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမည့် (၁၀) ကြိမ်မြောက် မဲခေါင်စာပေဆုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လိုသော စာအုပ်များကို မြန်မာနိုင်ငံစာရေးဆရာအသင်းက ဖိတ်ခေါ်လျက်ရှိကြောင်းသိရသည်။