Latest News
နောက်ဆုံးရသတင်းများ
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း အာရှပြိုင်ပွဲယှဉ်ပြိုင်ရန် ကစားသမား ၃၀ ဖြင့် ဖွဲ့စည်း
12/06/19
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အောက်တိုဘာနောက်ဆုံးပတ်တွင် ယှဉ်ပြိုင်ရမည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရန် ပဏာမကစားသမား ၃၀ ဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
ပုသိမ်ကြီးမြို့နယ်နှင့် လားရှိုးမြို့နယ်၊ ပင်လောင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
12/06/19
မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၁ ရက် နံနက် ၃ နာရီက ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်းတွင် မျိုးသိန်း(ခ) ကိုမင်း မောင်းနှင်ပြီး ကိုကိုလေး လိုက်ပါလာသည့် Canter အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဆာလာဖျူရစ် အက်ဆစ် ၁,ဝ၀ဝ လီတာ၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
လားရှိုးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ မြို့နယ်ဦးစီးမှူး၊ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူးများ၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးများနှင့် ဒေါ်မာရှောက်ဆန်း တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူ
12/06/19
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ မြို့နယ်ဦးစီးမှူးနှင့် တိုက်နယ်မှူးများသည် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ခြင်း၊ အိမ်ထောင်စုဇယား ပြုလုပ်ခြင်း နှင့် မွေး/တိုးစာရင်း ပြုလုပ်ခြင်းတို့အပေါ် ငွေကြေးတောင်းခံရယူ ဆောင်ရွက်ပေးနေခြင်းအား အရေးယူပေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ Assistant Minister Mr. Li Chenggang နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
12/06/19
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ Assistant Minister, Mr. Li Chenggang နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
12/06/19
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကမ္ဘာ့ဘဏ်၏ The World Bank Environment and Natural Resources Program မှ Regional Manager , Mr. Christophe Crepin နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
သက်ငယ်မုဒိမ်းမှု ပပျောက်ရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော
12/06/19
သက်ငယ်မုဒိမ်းမှု ပပျောက်ရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောကို ယနေ့ မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် နမ့်ဟူးနွဲ့ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ
12/06/19
ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဇွန် ၉ ရက်မှ ၁၀ ရက်အထိ တရားမဝင် သစ်ခွဲသား စုစုပေါင်း ၁၁ ဒသမ ဝ၄၂၆ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။