Latest News

နောက်ဆုံးရသတင်းများ

အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်

မိုးလေဝသ

16/05/19

ယနေ့ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ  (၃၁)မိနစ်၊ (ဝ၂)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၂၅)မိုင် ခန့်ကွာဝေးသော (Myanmar – India Border Region) မြောက်လတ္တီတွဒ် (၂၃.၈၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၁၇) ဒီဂရီ၊ အနက် (၂၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဓနုဖြူတွင် သဘာဝဘေးကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေး 

ပြည်တွင်း

16/05/19

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်ဘုတ်တွင် --------------

တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ လေးမျက်နှာအနောက်ဘက်ခြမ်းဒေသ စောပြာကျေးရွာတွင် ဆေးကုသမှုဆောင်ရွက်

ပြည်တွင်း

16/05/19

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် သဲနုကုန်းကျေးရွာအုပ်စု စောပြာကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ အနောက်တောင်တိုင်းစစ်ဌာနချုပ် အမှတ်(၄) စစ်မြေပြင် ဆေးတပ်ရင်းမှ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ သမားတော်ပါရဂူများ ကုသရေး ဆရာဝန်များပါဝင်သော အဖွဲ့များသည် ယမန်နေ့ နံနက် ၁၀ နာရီက ဒေသခံကျေးလက်နေ ပြည်သူများအား အခမဲ့ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဆိပ်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်၍  ထိခိုက်ပျက်စီးခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ပြည်တွင်း

16/05/19

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မေ ၁၄ ရက် ညနေ ၄နာရီခွဲခန့်က လေပြင်းတိုက်ခတ်၍ လူနေအိမ် အဆောက်အဦ အချို့ အမိုးလန်ပျက်စီးခြင်း ၊ မိုးကြိုးပစ်ခြင်းကြောင့် လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိမှုတို့အတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။

ခင်ဦးမြို့ ပြန်/ဆက်ရုံးတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စက္ကူပန်းပွင့်ပြုလုပ်နည်းသင်တန်းဖွင့် 

ပြည်တွင်း

16/05/19

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး  စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စက္ကူပန်းပွင့် ပြုလုပ်နည်းသင်တန်းကို မေလ ၁၅ ရက် မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန Community Center တွင်ကျင်းပပြုလုပ်သည်။

ထီးချိုင့်မြို့နယ်တွင် စားသုံးရန်မသင့်သော စားသောက်ကုန်နှင့် ဆေးဝါးများအား ရှောင်တခင်စစ်ဆေး

ပြည်တွင်း

16/05/19

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၌ စားသုံးသူရေးရာ ဦးစီးဌာန၏ စီစဉ်မှုဖြင့် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ထီးချိုင့်မြို့နယ်ရှိ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စားသုံးရန် မသင့်သော စားသောက်ကုန်များကို ယနေ့နံနက် ၉ နာရီက ထီးချိုင့်မြို့ အမှတ်( ၁) ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် သွားရောက်စစ်ဆေးခဲ့သည်။

ထန်းတပင်မြို့နယ်၌ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း အခမဲ့ဖွင့်လှစ် 

ပြည်တွင်း

16/05/19

ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေပြည် သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို မေ ၆ ရက်မှ  ၁၅ ရက်အထိ (၁၀) ရက်ကြာ ရန်ကုန် မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် အတွင်းသဲဖြူကျေးရွာရှိ  စုပေါင်းအားမာန်ရုံးတွင် အခမဲ့ ဖွင့်လှစ်ခဲ့သည်။

အဖတ်များဆုံး သတင်း