Latest News

နောက်ဆုံးရသတင်းများ

တိုင်းပြည်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးမှ ပညာရည်မြင့်မားပြည့်ဝတိုးတက်မည်

အယ်ဒီတာ့ အာဘော်

21/05/25

နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် ပညာရည်မြင့်မားအောင်၊ ပညာတတ်များ ပေါများလာအောင် ကြိုးပမ်းဆောင်ရွက်နေကြသည်။ ပညာတတ်ဆိုသည်မှာ တွေးခေါ်မြော်မြင်ဆင်ခြင်တုံတရားမြင့်မားသော၊ အကောင်းအဆိုးအကြောင်းအကျိုးကို ခွဲခြားဝေဖန် သုံးသပ်နိုင်စွမ်းရှိသောသူများဖြစ်သည်။ အဆိုပါပညာတတ်များဖြင့် လူ့ဘောင်လောကကောင်းကျိုးများကို ပုံဖော်ဖန်တီးတည်ဆောက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။