Latest News
နောက်ဆုံးရသတင်းများ
(၂၄)နှစ်မြောက် ထားဝယ်တက္ကသိုလ် တည်ထောင်ခြင်းနှစ်ပတ်လည် သုတေသနစာတမ်းဖတ်ပွဲ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်
22/02/24
၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၂၄)နှစ်မြောက် ထားဝယ်တက္ကသိုလ် တည်ထောင်ခြင်း နှစ်ပတ်လည် သုတေသနစာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ဦးစွာ ကျောင်းသား ကျောင်းသူများက ပညာရိပ်မြုံထားဝယ်တက္ကသိုလ်သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
ကချင်ပြည်နယ်တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်
22/02/24
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
22/02/24
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင်များ၏ နိုင်ငံတော်ကာကွယ်ရေး ရည်မှန်းချက်
22/02/24
ဇာနည်ဘွား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အာဏာတည်သည့်နေ့အဖြစ် သတ်မှတ်ကြေညာလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများက ပြည်သူလူထုအတွင်း အထင်မှား၊ အမြင်မှားအောင် မမှန်မကန် သွေးထိုး လှုံ့ဆော်လျက်ရှိသည်။
အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ (သို့မဟုတ်) “တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်သော ပြည်သူ့ဗဟိုပြု အာဆီယံ”
22/02/24
ဒေါက်တာဝါဝါမောင်
(ယမန်နေ့မှအဆက်)