ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုအား AA သောင်းကျန်းသူအဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုအား ယနေ့ နံနက်ပိုင်းတွင် AA သောင်းကျန်းသူအဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ ၁၁ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။