မွန်ပြည်နယ် ဝန်ကြီးချုပ်  မွန်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး မွန်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄)ကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တက်ရောက်သည်။
ပေါင်းတည်၌ ဆန်နှင့်ဆီများ ရည်ညွှန်းစျေး(သက်သာစျေး)ဖြင့် ဆက်လက်ရောင်းချ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စားသုံးသူပြည်သူများအတွက် အခြေခံစားသုံးကုန် ဆန်နှင့်ဆီများကို သတ်မှတ်ရည်ညွှန်းစျေး (သက်သာသောစျေး)ဖြင့် ယနေ့နံနက်ပိုင်းတွင် ဆက်လက်ရောင်းချလျက်ရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
သဲကုန်းမြို့နယ်၌ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့တွင် ရပ်ကွက်နေပြည်သူများ၏ နေ့စဉ်လူနေမှုဘဝ စားသောက်ရေးတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ စားသုံးကုန်ပစ္စည်းများကို ပြင်ပစျေးနှုန်းများထက် လျှော့ချကာ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်တစ်ပြည်လျှင် (၃၀၀၀)နှုန်းဖြင့် ယနေ့နံနက်ပိုင်းက သဲကုန်းမြို့မစျေး၊ စျေးတာဝန်ခံရုံးအနီးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ချင်းမြောင်) သုံးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်မှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စုရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ချင်းမြောင်) သုံးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်း အင်္ဂပူမြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာနမှ ပျိုးထောင်ထားရှိသည့် ကော်ဖီပျိုးပင်များအား ကြည့်ရှုစစ်‌ဆေး
ဧရာဝတီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းက မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ စိုက်ပျိုးရေးနည်းပညာ‌ပေးစခန်းသို့ ရောက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုးထောင်ထားရှိသည့် ကော်ဖီပင်များ ပျိုးထောင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်‌ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။