ဆရာနေဘုန်းမိုရ်၏ ပန်းပုံပြင်ကဗျာစာအုပ် မိတ်ဆက်

ဒုရဲအုပ်ဦးညွန့်ဝင်း (ခ) ကဗျာဆရာ နေဘုန်းမိုရ်ရေးသားခဲ့သော ပန်းပုံပြင်ကဗျာ စာအုပ်ထုတ်ဝေမိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ရွှေဥဒေါင်းခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။ 
ရှေးဟောင်းသမိုင်းဝင် မဟာဆဒ္ဒန်လိုဏ်ဂူတော် သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၏ အထင်ကရ ရှေးဟောင်းသမိုင်းဝင် မဟာဆဒ္ဒန်လိုဏ်ဂူတော်နှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ဖေဖေါ်ဝါရီ ၈ ရက် နံနက် ၆ နာရီခွဲက စုပေါင်းအမှိုက်ကောက်၍ ပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ပြည်ထောင်စုမူလရန်ပုံငွေ ကျပ်သန်း ၁၀၀၀၀ ကျော်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လမ်း/တံတားများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ပေးသွားမည်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လုပ်ဆောင်နေသကဲ့သို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုမူလရန်ပုံငွေမှ ငွေကျပ် ၁၀၆၅၀ ဒသမ ၄၈၁ သန်း အကုန်အကျခံ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းထွေး၏ ပြောကြားချက်အရ သိရသည်။
စံကိုက်တိုက်နယ်ဆေးရုံသစ်အား ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ခတ္ထိယတိုက်နယ်၊ ခတ္ထိယကျေးရွာတွင် စံကိုက်တိုက်နယ်ဆေးရုံသစ်ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဆေးရုံ၌ ကျင်းပခဲ့သည်။