ဂျပန် အိုလံပစ် အားကစားပြိုင်ပွဲတွင် နာရီတာလေဆိပ်၌ လုံခြုံရေး စက်ရုပ်များ အသုံးပြုမည်
နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ် ကော်ပိုရေးရှင်းက တိုကျိုမြို့အနီး ချီဘားစီရင်စုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လုံခြုံရေးကင်းလှည့်ရန်အတွက် စက်ရုပ်အသစ် လေးရုပ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း ဒေသခံမီဒီယာက ယနေ့သတင်းဖော်ပြခဲ့သည်။






