အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု၏ ၈၀ ရာခိုင်နှုန်းကျော်သည် အိုမီခရွန်ဗီဇပြောင်း ဘီအေ-၄ နှင့် ဘီအေ-၅ အမျိုးအစားကူးစက်မှုများဖြစ်
အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများအနက် ၈၀ ရာခိုင်နှုန်းကျော်မှာ အိုမီခရွန်မျိုးကွဲ ဘီအေ-၄နှင့် ဘီအေ-၅ အမျိုးအစားကူးစက်မှုများ ဖြစ်သည်ဟု အမေရိကန်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ (စီဒီစီ)၏ ယမန်နေ့ကထုတ်ပြန်ချက်အရ သိရသည်။








