တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် ထားဝယ်ခရိုင်အတွင်း သဘာဝဘေးဖြစ်ပေါ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း မိုးများအဆက်မပြတ် ရွာသွန်းမှုများကြောင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၇ နာရီက ထားဝယ်-မေတ္တာကားလမ်း ချောင်းရေကျော်လျက်ရှိသည့် လမ်းပိုင်းနေရာများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ကလိန်အောင်မြို့၊ ရာဖူးကျေးရွာ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ရာဖူးကျေးရွာ၊ ရေး-ထားဝယ်ကားလမ်း မိုင်တိုင်အမှတ် (၆၅/၁)နှင့် ပေ(၅၀)ကျော်အကွာတွင် ယနေ့ နံနက် ၁၀ နာရီခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကြောင်း သိရသည်။
ကလိန်အောင်မြို့ အလယ်စခန်းကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အလယ်စခန်းကျေးရွာ၊ ရေး-ထားဝယ်ကားလမ်း၊ မိုင်တိုင်အမှတ် (၇၆/၆)နေရာတို့တွင် ယနေ့နံနက် ၁၀ နာရီခန့်က မြေပြိုမှုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်ပြုံးပွဲ ပွဲတော်လာပြည်သူများဖြင့်စည်ကား
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် တောင်ပြုံးကြီးကျေးရွာရှိ တောင်ပြုံးဆုတောင်းပြည့်၊ ဆုတောင်းရမြတ်စွာဘုရား ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် တောင်းပြုံး မင်းနှစ်ပါးပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်မှ ဝါခေါင်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ ဘုရားပြည်သူများ၊ ရိုးရာနတ် ပူဇော်ပသသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ကျွန်းစုမြို့နယ်၊ ကတန်ကျွန်းပတ်လမ်းပေါ်တွင် ကျေးရွာချင်းဆက် တံတား(၃)စင်း ကျိုးကျပျက်စီး
ယနေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ----
အလီဘာဘာနှင့် ခိုးသားငါးယောက် ရုပ်ရှင်အထူးပွဲပြသ
အလီဘာဘာနှင့် ခိုးသားငါးယောက် ရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၁၅ ရက်တွင် တစ်နိုင်ငံလုံး အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်
အမျိုးသားပြတိုက်(နေပြည်တော်)သို့ လာရောက်ကြည့်ရှုလေ့လာကြသော မြန်အောင်မြို့နယ် မြို့ရွှေကျောင်းပရဟိတ ကျောင်းသား/ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား
နေပြည်တော်ရှိ အမျိုးသားပြတိုက်(နေပြည်တော်)သို့ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ မြန်အောင်မြို့နယ် မြို့ရွှေကျောင်းပရဟိတမှ ဆရာတော်နှင့် အုပ်ချုပ်သူများ၊ ကျောင်းသား/ကျောင်းသူများသည် သြဂုတ် ၈ ရက် မွန်းလွဲပိုင်းတွင် လာရောက်ကြည့်ရှုလေ့လာကြသည်။