တောင်ဥက္ကလာပမြို့နယ်၌ ထိုင်ဝမ်နှစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးထံမှ အိုက်စ် ၇၄ ကီလို ဖမ်းဆီးရမိ

ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်၌ ထိုင်ဝမ်နှစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးတို့ထံမှ အိုက်စ် ၇၄ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရေဘေးအန္တရာယ်ခံစားရသည့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် လက်ရှိတုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများကို သုံးသပ်ခြင်းနှင့် ပိုမိုအားဖြည့်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရေဘေးအန္တရာယ်ခံစားရသည့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့်--------
ညောင်ဦးမြို့နယ် ချောင်းမကြီးချောင်း ရေကျနေသောကြောင့် ကားအစီးရေ ၇၀ဝ ကျော်ပိတ်မိ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်မှ စတင်ရွာသွန်းခဲ့သည့်မိုးကြောင့် ညောင်ဦးမြို့မှ ပခုက္ကူ-မြင်းခြံလမ်းအထွက် ချောင်းမကြီးချောင်းရေကျနေပြီး ကားစီးရေ (၇၀ဝ)ကျော် ပိတ်မိနေကြောင်း သိရသည်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ရှင်ကိုးရှင် သမိုင်းဝင်ရှင်မော်ဘုရားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်နံရံမြေသား ပြိုကျမှုဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှ ၅၀ မိုင်ကျော်အကွာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ရှင်ကိုးရှင် သမိုင်းဝင်ရှင်မော်ဘုရားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ နံနက် ၇ နာရီကျော်ခန့်မှ စတင်၍ တောင်နံရံမြေသား ပြိုကျမှုဖြစ်ပွားကြောင်း သိရှိရသည်။
SMM 3rd Asian ''Asia World Foundation'' Men's U-23 Volleyball Championship ပြိုင်ပွဲများ ဆက်လက်ကျင်းပ
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သည့် SMM 3rd Asian ''Asia World Foundation'' Men's U-23 Volleyball Championship ပြိုင်ပွဲအား ယနေ့နံနက် (၁၁)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)နှင့် (C)တို့၌ ဆက်လက်ကျင်းပသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မန္တလေး - ပျဉ်းမနား ရထားလမ်းပိုင်း ကြည့်ရှုစစ်ဆေး
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့်အဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲတွင် မန္တလေးဘူတာကြီး အစည်းဝေးခန်းမ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံစဉ် မိမိတို့ဌာန တိုးတက်အောင်မြင်လာစေရန် ဇွဲလုံ့လဖြင့် ကြိုးစားကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများ၏ အရည်အချင်း၊ ဆင်ခြင်တုံတရားတို့ တိုးတက်လာစေရန် ကြိုးစားနေထိုင်သွားကြရန် အရေးကြီးပါကြောင်း၊ ရထားလမ်းပိုင်းများ ဆောင်ရွက်ခြင်းလုပ်ငန်းသည် ဖြစ်သလိုလုပ်၍ မရပါကြောင်း၊ အချိန်ယူပြီး စနစ်တကျလုပ်ဆောင်ရမှာဖြစ်ပါကြောင်း၊ အချက်ပြစနစ်များမှာလည်း ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်၍ မိမိတို့ဝန်ထမ်းများက ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ရန် အရေးကြီးပါကြောင်း၊ ဝန်ထမ်းများညီညီညွတ်ညွတ် ကြိုးစားကြမှာသာ မိမိတို့ဌာန အောင်မြင်မည်ဖြစ်ပါကြောင်း မှာကြားသည်။
ကလိန်အောင်မြို့ ရေး-ထားဝယ်ကားလမ်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ရေး-ထားဝယ်ကားလမ်း၊ (၃၉၁) ကီလိုမီတာနှင့် (၃၉၁/၅) ကီလိုမီတာနေရာတို့တွင် ယနေ့ညနေ ၄ နာရီခန့်က မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။