ထီးလင်းမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်

ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ (၂၂)မိနစ်၊ (၄၄)စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၆၄) မိုင် ခန့်ကွာဝေးသော (ထီးလင်းမြို့၏ မြောက်-အရှေ့မြောက်ဘက် (၇) မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၇၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၁၃) ဒီဂရီ၊ အနက် (၆၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
နယ်လှည့်မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ပေးမည်

နေပြည်တော် ၂၁ မေ

 

လက်ပံတန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပြိုကျပြီး လူတစ်ဦးသေဆုံး
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မေ ၂၀ ရက်နေ့ ညသန်းခေါင်ယံအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် လက်ပံတန်းမြို့နယ် အိုင်တလုတ် ကျေးရွာအုပ်စု၊ ရေငန်ကျေးရွာအုပ်စု၊ ယွန်းသွယ်ကျေးရွာအုပ်စုတို့တွင် နေအိမ် ၅လုံးပြိုလဲ၍ နေအိမ် (၃၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး လေဘေးသင့်ပြည်သူများအား နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် ခေတ္တနေရာချထားပေးလျက်ရှိသည်။  
အစားထိုးသီးနှံ နှစ်ချင်းမျိုးစေ့နှင့် အထွက်တိုး မိုးစပါးမျိုးစေ့များပေးအပ်
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် အစားထိုးသီးနှံနှစ်ချင်းမျိုးစေ့နှင့် ဘက်စုံအဆင့်မြှင့် နည်းပညာသုံး စံပြကျေးရွာအတွက် အထွက်တိုးမိုးစပါးမျိုးစေ့များ ပေးအပ်ပွဲ အခမ်းအနားကို မေလ ဒုတိယပတ်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
မန္တလေးမြို့တွင် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ
IOM မှ ဦးဆောင်ကျင်းပသော ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို မန္တလေးမြို့၊ ဆာကူယာဟိုတယ်ရှိ Cherry ခန်းမတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။
အောင်လံမြို့နယ်ရှိ ကျေးရွာ(၂၉)ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများရှိခဲ့
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြိုနယ်၏ အရှေ့ဘက်ပိုင်းရှိ ကျေးရွာ(၂၉)ရွာတို့တွင် မေ ၂၀ ရက်  ညနေ (၆)နာရီခွဲမှ စတင်၍လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါကျေးရွာများအတွင်းရှိ နေအိမ် (၁၁၆)လုံး၊  ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းနှင့် အလယ်တန်းကျောင်း(၁)ကျောင်း  အမိုးလန်ခြင်းနှင့် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ကျောက်ကြီးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုနှင့် မိုးကြိုးပစ်ခတ်မှုတို့ကြောင့် နေအိမ်(၁၅၅)လုံး အမိုးလန် ပျက်စီးကာ လူနှစ်ဦးသေဆုံး
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် မေ ၂၀ ရက် ညနေ ၅ နာရီခွဲခန့်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုနှင့် မိုးကြိုးပစ်ခတ်ခဲ့မှုတို့ ကြောင့် နေအိမ်(၁၅၅)လုံး အမိုးလန်ပျက်စီးကာ လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။