ပခုက္ကူမြို့၌ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP)သင်တန်းဖွင့်လှစ်

စိုက်ပျိုးရေးဦးစီးဌာန၊ သွင်းအားစုရောင်းချသူများနှင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ များအဖွဲ့တို့ ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)သင်တန်းကို ယနေ့ နံနက် ၈နာရီက ပခုက္ကူမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပသည်။
လေပြင်းတိုက်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၆)မြို့နယ်မှ လူဦးရေ သုံးထောင်ကျော် လေဘေးသင့်
မေလ ၂၀ ရက် ညနေ ၆ နာရီ ဝန်းကျင်ခန့်တွင် တိုက်ခတ်ခဲ့သော လေပြင်းကြောင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၆)မြို့နယ်ရှိ ကျေးရွာ(၂၇)ရွာ၌ လူနေအိမ် (၁၄)လုံး ပြိုကျပျက်ဆီးခဲ့ပြီ--------
မိတ္ထီလာမြို့နယ် မကျီးချောက်ကျေးရွာ၌  (၆)လက်မ အဝီစိ စက်ရေတွင်းနှင့် ဂါလန် (၃၀ဝ၀)ဆံ့ အုတ်ရေကန် တူးဖော်ခြင်း လုပ်ငန်းများပြီးစီး၍ ဒေသခံများ သောက်သုံးရေ အဆင်ပြေတော့မည်
မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာအုပ်စု မကျီးချောက်ကျေးရွာ၌  ဒေသခံများ စုပေါင်း၍ (၆)လက်မ အဝီစိစက်ရေတွင်းနှင့် ဂါလန် (၃၀ဝ၀)ဆံ့ အုတ်ရေကန် တူးဖော်တည်ဆောက်ခြင်း လုပ်ငန်းများပြီးစီး၍ သောက်သုံးရေ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။ 
သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေသော  တောင်ဖီလာကျေးရွာသို့ သောက်သုံးရေ သွားရောက်လှူဒါန်း
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော တောင်ဖီလာကျေးရွာသို့ ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
နေပြည်တော် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်တားဆီး ကာကွယ်ရေး စစ်ဆေးရေးအဖွဲ့ ရေလုံဆေးသုတ်ဝန်ဆောင်မှု လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်တားဆီး ကာကွယ်ရေး စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ကို ဦးဆောင်၍ ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီတွင် ပုဗ္ဗသီရီ မြို့နယ်အတွင်းရှိ ရေလုံဆေးသုတ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်မည့် Superb Stellar Myanmar ကုမ္မဏီမှ ဓာတုပစ္စည်းများအား သိုလှောင်ခြင်း၊ သုံးစွဲခြင်း၊ တင်သွင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် လက်ဝယ်ထားရှိခြင်းတို့အတွက် လုပ်ငန်းလိုင်စင်လျှောက်ထားလာမှုနှင့် ပတ်သက်၍ အဆိုပါလုပ်ငန်း တည်နေရာသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်သီးများ GAP အသိအမှတ်ပြု လက်မှတ်ရနေသော်လည်း ဈေးကွက်တွင် ဈေးကောင်းမရ
GAP အသိအမှတ်ပြုလက်မှတ်ရ သရက်သီးများ ဈေးကွက်တွင် အခြားသရက်သီးဈေးနှုန်းများ အတိုင်းသာ ရရှိနေကြောင်း GAP အသိအမှတ်ပြု လက်မှတ်ရ တောင်သူများ၏ပြောကြားချက်များအရ သိရသည်။
တွန်းဇံမြို့၌ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေး ရန်ပုံငွေပေးအပ်ပွဲ ကျင်းပ
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို တွန်းဇံမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။