မြန်မာနိုင်ငံ၌ကျန်ရှိနေသည့် ကြိုးကြာငှက်များ မျိုးသုန်းပျောက်ကွယ်မှု မရှိစေရန် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကြိုးကြာငှက်ထိန်းသိမ်းရေး သုတေသနလုပ်ငန်းများကို သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)၊ သစ်တောဦးစီးဌာန၊သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ ဝန်ထမ်းများ၊ အဆိုပါ တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံဆက်စပ်အဖွဲ့အစည်းများ ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) ငှက်ပညာရှင် ဦးသက်ဇော်နိုင်ထံမှ သိရသည်။