မိတ္ထီလာတွင် မျက်စိဝေဒနာရှင်များအား မြန်မာနိုင်ငံမျက်စိဆရာဝန်အသင်းဥက္ကဋ္ဌနှင့် မျက်စိအထူးကု ဆရာဝန်များက အခမဲ့ခွဲစိတ်ကုသပေး

မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာအနီးရှိ ထီလာဦး မျက်စိအထူးကုဆေးရုံတွင် မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်၊ ရမည်သင်း၊ ပျော်ဘွယ်၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ နတ်မောက် ဒေသများမှ မျက်စိဝေဒနာရှင်များအား မေ ၂ဝ မှ ၂၁ အထိ မြန်မာနိုင်ငံမျက်စိဆရာဝန်အသင်း ဥက္ကဋ္ဌနှင့် မျက်စိအထူးကုဆရာဝန်များက အခမဲ့ခွဲစိတ်ကုသပေး ဆောင်ရွက်ပေးကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် မသန်စွမ်းသူများအတွက် ဝှီးချဲများပေးအပ်
မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(MILI) မီလီ၊ နေပြည်တော်ရုံးခွဲ၊ အုပ်တွင်းရုံးခွဲနှင့် ထိုင်းနိုင်ငံအခြေစိုက်(BCMF)တို့မှ ပူးပေါင်း၍ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မသန်စွမ်းသူများအတွက် သုံးဘီးဝှီးချဲများ ထောက်ပံ့ပေးအပ်ခြင်းကို မေ ၂၀ ရက် နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်အုပ်စုတွင် ကျင်းပပြုလုပ်ခဲ့သည်။
နောင်ကုလားကျေးရွာ၌ တိုင်းရင်းသားလူမျိုးများဆိုင်ရာ အခွင့်အရေး ဆွေးနွေးပွဲ ကျင်းပ 
မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလားကျေးရွာ အလယ်ရွာတိုက်ကျောင်း၌ ယနေ့ နံနက်ပိုင်းက ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တိုင်းရင်းသားအခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက လာရောက်၍ တိုင်းရင်းသားများဆိုင်ရာ အခွင့်အရေးကာကွယ်ဆောင်ရွက်ပေးရန်အတွက် ပညာပေးဟောပြောခြင်း၊ တိုင်းရင်းသားရေးရာ အခြေခံအချက်များ ကောက်ယူခြင်း အစီအစဉ်များကို ကျင်းပသည် ။
နမ္မတူမြို့နယ်၌  တိုက်ပွဲရှောင် အမျိုးသမီးများ၏ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်
USAID အဖွဲ့၏ ကူညီထောက်ပံ့မှုဖြင့် MIGS အဖွဲ့မှ တိုက်ပွဲရှောင် အမျိုးသမီးများ၏ စွမ်းရည်မြှင့် သင်တန်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြူဆော့ကျေးရွာ တိုက်ပွဲရှောင်စခန်း၌ ယမန်နေ့ နံနက် ၉ နာရီက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တမူးမြို့နယ်တွင် လယ်ယာမြေဧက ၅၀ဝ ကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်းဖောက်လုပ်မှု ပြီးစီးတော့မည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးလက်နေတောင်သူများ၏ လယ်ယာထွက်ကုန်များ ဈေးကွက်သို့အချိန်မီ ရောက်ရှိစေရေး ရည်ရွယ်ဖောက်လုပ်ပေးခဲ့သော တီးတိန်ယံ ကျေးရွာ ကုန်ထုတ်လမ်း အား ယခုနှစ် မတ်လက စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်းအထိပြီးစီး နေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် 
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်း တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
အမျိုးသမီးများ အကြမ်းဖက်မှုအပေါ် ဥပဒေလက်လှမ်းမီမှုများနှင့် ဝန်ဆောင်မှုများဆိုင်ရာ အသိပညာပေးခြင်း စီမံကိန်းမိတ်ဆက်ပွဲ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ အမျိုးသမီးစွမ်းရည် မြှင့်တင်ရေးအဖွဲ့နှင့် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့တို့ ပူးပေါင်း၍ ဒေသတွင်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရာတွင် ----------