ဗဟိုအမျိုးသမီးဆေးရုံ (မန္တလေး) မီးယပ်ကင်ဆာဌာနတွင် ၆ လအတွင်း လာရောက်ကုသသူ ၉၃၀ ကျော်ရှိ

ဗဟိုအမျိုးသမီးဆေးရုံ (မန္တလေး)၊ မီးယပ်ကင်ဆာဌာနတွင် ၆ လအတွင်း မီးယပ်ကင်ဆာ အတွင်းလူနာအဖြစ် ကုသသူ ၉၃၀ ကျော်ရှိကြောင်း အဆိုပါဆေးရုံမှ ဆေးရုံ ဒေါက်တာစန်းစန်းဝေ ကပြောသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဘာသာရေး အဆောက်အဦများနှင့် စာသင်ကျောင်းအချို့ အမိုးလန်ပျက်စီး၍ နွားသုံးကောင်သေဆုံး
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် မေလ ၂၀ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဘာသာရေး အဆောက်အဦများနှင့် စာသင်ကျောင်းအချို့ အမိုးလန်ပျက်စီး၍ နွားသုံးကောင်သေဆုံးခဲ့ကြောင်း မင်းဘူး(စကု)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
နိုင်ငံတကာ ကုန်တင်ကားမောင်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
နိုင်ငံတကာ ကုန်တင်ကားမောင်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့ ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နား စခန်းတွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့နယ်၌ လေပြင်းတိုက်ခတ်၍ ပျက်စီးမှုအတွက် ထောက်ပံ့
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ပံတန်းမြို့နယ်အတွင်း မေလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် လေပြင်းတိုက်ခတ်ခံခဲ့ရသော ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကျေးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း
နွေရာသီတွင် သောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရသော မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကျေးရွာများသို့ သက်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
ယနေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ လမ်း၈၀၊ (၈x၉)လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 3 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ကာ ၁၁ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ကနဦးသတင်း သိရပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ ယနေ့တိုင်းထွာရရှိခဲ့သော အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့ညနေက တိုင်းထွာရရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ ယနေ့တိုင်းထွာရရှိခဲ့သော အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်တို့ကို အောက်ပါအတိုင်း ဖော်ပြထားသည်။