မြန်မာအမျိုးသမီးဘောလုံးအသင်း ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် ဗီယက်နမ်နိုင်ငံသို့ မေ ၆ ရက် ရောက်ရှိမည်

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် ဗီယက်နမ်နိုင်ငံသို့ မေ ၆ ရက်တွင်
ဗီလာရီးရဲကို အနိုင်ယူပြီး လီဗာပူး ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်
ယူအီးအက်ဖ်အေချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မှ ဗီလာရီးရဲနှင့် လီဗာပူးအသင်းတို့ပွဲစဉ်ကို မေ ၄ ရက် နံနက်ပိုင်းက ဗီလာရီးရဲအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး-နှစ်ဂိုးဖြင့် လီဗာပူးအသင်း ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့သည်။
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားအဖွဲ့များ ထွက်ခွာ
၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားအဖွဲ့များ သည် မေ ၄ ရက် နံနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။
ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ မေ ၆ ရက်တွင် စတင်ကျင်းပမည်
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲကို မေ ၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။
မြန်မာအမျိုးသားဘောလုံးအသင်း ကစားသမားအစုံအလင်ဖြင့် ဗီယက်နမ်နိုင်ငံ၌ စတင်လေ့ကျင့်
မြန်မာအမျိုးသား ဘောလုံး အသင်းသည် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့် ဗီယက်နမ်နိုင်ငံ၌ မေ ၃ ရက်မှ စ၍ ကစားသမားအစုံအလင်ဖြင့် လေ့ကျင့်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် တောင်ကိုရီးယား ယူ-၂၀ အသင်း ထပ်မံခြေစမ်း
(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် တောင်ကိုရီးယားနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် မေ ၃ ရက်က တောင်ကိုရီး ယား ယူ-၂၀ အမျိုးသမီးအသင်းနှင့် ထပ်မံခြေစမ်းကစားခဲ့သည်။
အိုးထရက်ဖို့ဒ်မှာ တိုက်စစ်ခြေစွမ်းပြကာ ဘရန့်ဖို့ဒ်ကို ဂိုးပြတ်အနိုင်ယူခဲ့သည့် မန်ယူ
ပရီမီယာလိဂ်ပွဲစဉ် (၃၅)မှ မန်ယူအသင်းနှင့် ဘရန့်ဖို့ဒ်အသင်းတို့ ပွဲစဉ်ကို မေ ၃ ရက် နံနက်ပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ မန်ယူအသင်းက သုံးဂိုး - ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင် ရရှိသည်။ အဆိုပါ ပွဲစဉ်သည် ယာယီနည်းပြ ရန်းနစ်ခ် တာဝန်ယူကိုင်တွယ်သည့် ပွဲစဉ်များ အနက် ဂိုးအပြတ်ဆုံး နိုင်ပွဲတစ်ပွဲ ဖြစ်လာခဲ့သလို နောက်ဆုံး အိမ်ကွင်း ပွဲစဉ်လည်းဖြစ်သည်။