Latest News
နောက်ဆုံးရသတင်းများ
၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ဖြေဆို
07/03/19
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာနများ၌ မတ် ၇ ရက် နံနက် ၉ နာရီက ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ လာရောက်ဖြေဆိုကြကြောင်း သိရသည်။
ရခိုင်ပြည်နယ် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်က ကျပ်သန်း ၁၄၀ဝ ကျော် ထောက်ပံ့
07/03/19
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်ရှိ ကျေးရွာပေါင်း (၁၄၁)ရွာ၌ ကျေးရွာ ဖွံ့ဖြိုးရေး စီမံချက် လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတော်က ငွေကျပ် သန်း(၁၄၁၀) ထောက်ပံ့ ပေးခဲ့ကြောင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အိမ်မဲ၌ တက္ကသိုလ်ဝင် စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆိုသူ ၂၇၇၁ ဦး ရှိ
07/03/19
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ------
တိုင်းရင်းဆေးပညာ ရက်တိုသင်တန်း ဖွင့်လှစ်
07/03/19
တိုင်းရင်းဆေးပညာ၏အခြေခံ သဘောတရားများ၊ ဥတုရာသီအလိုက် ယေဘုယျ ဖြစ်တတ်သော ရောဂါငယ်များ၊ မီးဖိုချောင်သုံး ဆေးဘက်ဝင် ပစ္စည်းများ အသုံးပြုပုံ၊ တိုင်းရင်းဆေးပညာဖြင့် ---------
ပီအက်စ်ဂျီကို အနိုင်ယူပြီး မန်ယူအသင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်ရောက်
07/03/19
ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပီအက်စ်ဂျီအသင်းနှင့် မန်ယူအသင်းတို့၏ ပွဲစဉ်တွင် မန်ယူအသင်းက တစ်ဂိုး သုံးဂိုး အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်
07/03/19
၇ မတ်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့တိုင်းထွာရရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်တို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ညောင်ချောင်းကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ
07/03/19
ဓနုဖြူမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အိမ်တွင်းမှုဆိုင်ရာ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအား မတ်လ ၅ ရက်နေ့၊ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးနှင့် လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိ
07/03/19
တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ ငပုတောမြို့ပေါ်ရှိအခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ဝင်ရောက်စာမေးပွဲဖြေဆိုနေကြသည့် ...........
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ယာဉ်သွားလာမှု နည်းပါးသော ကျေးလက်လမ်းများအတွက် ဒီဇိုင်းလက်စွဲစာအုပ် ထုတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်
07/03/19
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Re CAP အဖွဲ့တို့ ပူးပေါင်း၍ ကျေးလက်လမ်း သုတေသနလုပ်ငန်းများ-------
အဖတ်များဆုံး သတင်း
- 13/Jan/2026