Latest News
နောက်ဆုံးရသတင်းများ
အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်း မိုးနဲမြို့၌ဖွင့်လှစ်
05/03/19
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး) ၏ စီစဉ်မှုဖြင့် အထည်ပန်းရိုက်နှင့် ဆေးရေးပန်းချီ သင်တန်းဖွင့်ပွဲ အခမ်းအနားကို လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
တနိုင်းမြို့၌ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
05/03/19
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်( မြောက်ပိုင်း) တွင် မီးလောင်မှုဖြစ်ပွား
05/03/19
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၄)ရပ်ကွက်၊ ပျဉ်းမမြိုင်လမ်းတွင် မတ် ၄ ရက် ည ၁၀ နာရီ ၂၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ Level -1 ယာဉ်အုပ်စု ထွက်ခွာငြိမ်းသတ်ရာ ည ၁၀ နာရီ ၄၂ မိနစ် အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၁၀ နာရီ ၄၆ မိနစ် အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် ၁၃ ဦး သေဆုံး
05/03/19
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၇/၃)နှင့် (၇၇/၄)ကြားတွင် ယနေ့နံနက်ပိုင်းက ကလေးမှ ရန်ကုန်သို့ မောင်းနှင်လာသော ရန်ကုန်-ကလေး-ဟုမ္မလင်း Yutong အမျိုးအစား High Class Express ခရီးသည် တင်ယာဉ်သည် ညာဘက် ဘီးပေါက်ပြီး လမ်းလယ်ကျွန်းသို့ ဝင်ရောက်တိုက်မိ၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။
ဆိုင်ကယ်လုယူထွက်ပြေးသူအား အချိန်တိုအတွင်း ဖမ်းဆီးရမိ
05/03/19
လှည်းကူးမြို့နယ် ရဲမွန်တပ်ထိပ်ရှိ ဆိုင်ကယ်ကယ်ရီဂိတ်မှ မြင့်ဌေးအား ယမန်နေ့ ညနေ ၃ နာရီခန့်က အမည်မသိ၊ အသက် (၃၀)ခန့်ရှိ အမျိုးသား (၂)ဦးမှ ကြာကန် လမ်းဆုံသို့ လိုက်ပို့ရန် ကယ်ရီငှားခဲ့သဖြင့် .....
ကမ္ဘာ့အကြီးဆုံးကြယ်လိပ်ကြီးကို ပုဂံမြို့ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် လေ့လာနိုင်
05/03/19
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့ လောကနန္ဒာ စွယ်တော်မြတ် စေတီအနီးရှိ လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်တွင် ကမ္ဘာ့ကြီးဆုံး ကြယ်လိပ်ကြီးအား လာရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က ပြောကြားချက်အရ သိရသည်။
မိုင်းယောင်း၌ လူကုန်ကူးမှု အသိပညာပေး ဟောပြော
05/03/19
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် လူကုန်ကူးမှု ပပျောက်ရေး ပြည်သူအားလုံး ပါဝင်ပေးဟူသော ဆောင်ပုဒ်အတိုင်း လူကုန်ကူးမှု အသိပညာပေး ဗီနိုင်းပိုစတာကို ----------
ဆီဆိုင်မြို့နယ်တွင် ကျောက်လမ်း၊ ကွန်ကရစ်တံတားဖွင့်ပွဲနှင့် လူထုစစ်ဆေးပွဲကျင်းပ
05/03/19
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းပြီး လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စီမံကိန်းစက်ဝန်း .........
(၃၈)ကြိမ်မြောက်၊ သီပေါမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာမေးပွဲ စာအောင်ဆုနှင်း သဘင်နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ
05/03/19
(၃၈)ကြိမ်မြောက် သီပေါမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာမေးပွဲနှင့် စာပြန်ပွဲတော်ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် သီပေါမြို့နယ် မဟာမြတ်မုနိဘုရားကြီး အာရုံခံ တန်ဆောင်းတော်ကြီးတွင် ------