Latest News

နောက်ဆုံးရသတင်းများ

မာန်အောင်မြို့နယ်၌ လျှပ်စစ်ဓာတ်အား ၂၄ နာရီ ရရှိမည်

ပြည်တွင်း

19/02/19

ရခိုင်ပြည်နယ်အတွင်းရှိ မာန်အောင်မြို့နယ်တွင် မေလကုန်မှစတင်၍ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ၂၄ နာရီ ရရှိမည်ဖြစ်ကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး

မှုခင်း

19/02/19

ဖယ်ခုံမြို့နယ်၊ အုံတိုင်းကျေးရွာ အနောက်ဘက် ၃ ဖာလုံခန့် အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၁၈)ဧကခန့်အား ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းနိုင် ဦးစီးပူးပေါင်းအဖွဲ့မှ ယမန်နေ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

J & M သံမဏိစက်ရုံက သံမဏိသံပေါင်များ ပြည်တွင်း၌ သုံးစွဲနိုင်ရုံမက ပြည်ပသို့ပင် တင်ပို့နိုင်

ပြည်တွင်း

19/02/19

မကြာမီဖွင့်လှစ်မည့် မြောင်းမြတံတားအပါအဝင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ တည်ဆောက်ဆဲ တံတားများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စော်ကဲ၊ ကျွန်းပြဿဒ်၊ ပင်လယ်လေးနှင့် ပုသိမ်တံတား၊ မွန်ပြည်နယ်ရှိ အတ္တရံတံတား၊ ချင်းပြည်နယ်ရှိ ပလက်ဝတံတားနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်တံတား အမှတ် (၃) တို့တွင် J & M သံမဏိစက်ရုံထုတ် သံမဏိသံပေါင်များကို အသုံးပြုတည်ဆောက်လျက်ရှိကြောင်း တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောသည်။

မင်းလှမြို့နယ်အတွင်း ပိုင်ရှင်မဲ့သစ်များ သိမ်းဆည်းရမိ

မှုခင်း

19/02/19

မင်းလှမြို့နယ်အတွင်း  တစ်တန်လျှင် ဒေသပေါက်ဈေး ငွေကျပ်သုံးသိန်းတန်ဖိုးရှိ ပိုင်ရှင်မဲ့သစ်များ သိမ်းဆည်းရမိခဲ့ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

မြင်းခြံမြို့နယ်တွင် လင်မယားချင်းစကားများခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ကာ ခင်ပွန်းဖြစ်သူမှ နေအိမ်မီးရှို့မှုဖြစ်ပွား

မှုခင်း

19/02/19

ဖေဖော်ဝါရီ ၁၈ ရက်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၅) ရပ်ကွက်တွင် လင်မယားချင်း စကားများရန်ဖြစ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ခင်ပွန်းဖြစ်သူမှ မကျေမနပ်ဖြစ်ကာ နေအိမ်မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့(FAO)၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့်တွေ့ဆုံ

ပြည်တွင်း

19/02/19

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) လက်ထောက်ညွှန်ကြားရေးမှူးချုပ်နှင့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Ms.Kundhavi Kadiresan အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။ 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ အိုင်ယာလန်နိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်

ပြည်တွင်း

19/02/19

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ အိုင်ယာလန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဂျိုးဆက်ပ် အန်တိုနီ ကောတာသည် ယနေ့နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌

ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ရုပ်ပွားတော် စံပါယ်ရာတောင်တော်၌ သုံးထပ်ဆောင် စတုဒီသာကျောင်းဆောင်လှူဒါန်း

ပြည်တွင်း

19/02/19

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဉာဏ်တော် ၂၅၅ ပေ ၆ လက်မအမြင့်ရှိ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ကျိုက်ထိုမြို့ မူလဘူတ သာသနာ့အောင်မြေ ရှေးဟောင်းသမိုင်းဝင် ဘုရားသုံးဆူ တောင်ပေါ်၌ ...........

အဖတ်များဆုံး သတင်း