Latest News
နောက်ဆုံးရသတင်းများ
ဒေးဒရဲမြို့တွင် မြို့နယ်အဆင့် လူထုကျန်းမာရေး စောင့်ရှောက်မှု ဆန်းစစ်ဆွေးနွေးပွဲ ပြုလုပ်
11/02/19
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တွင် မြို့နယ်အဆင့် လူထုကျန်းမာရေး စောင့်ရှောက်မှု ဆန်းစစ်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၀ ရက်က မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေ့စဉ်မြစ်ရေခန့်မှန်းချက်များ
11/02/19
နေပြည်တော် ၁၁ ဖေဖော်ဝါရီ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁၁.၂.၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေ ခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်-
ဂန့်ဂေါတွင် ဝါးစိုက်ပျိုးရေးနှင့် ဝါးအချောထည်ပစ္စည်း ထုတ်လုပ်ခြင်းသင်တန်းဖွင့်
11/02/19
ဝါးစိုက်ပျိုးရေးနှင့် ဝါးအချောထည်ပစ္စည်း ထုတ်လုပ်ခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက ဂန့်ဂေါခရိုင် သစ်တောဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်၌ အမျိုးသမီး အပ်ချုပ်စက်သင်တန်းဖွင့်
11/02/19
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသမီး အပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရန်ကုန်မြစ်အတွင်း ဆီးနှင်းများကျ၍ ရန်ကုန်-ပန်းဆိုးတန်း(ဒလ) ကူးတို့သင်္ဘောများနှင့် စက်တပ်သမ္ဗန်များ ခေတ္တရပ်နားခဲ့ရ
11/02/19
ရန်ကုန်မြစ်အတွင်း၌ ယနေ့နံနက် အစောပိုင်းက ဆီးနှင်းများ ကျဆင်းလာမှုကြောင့် ရန်ကုန်-ပန်းဆိုးတန်း(ဒလ)ကူးတို့ ချယ်ရီသင်္ဘောများနှင့် စက်တပ်သမ္ဗန်များ ခေတ္တရပ်နားခဲ့ရကြောင်း သိရသည်။
ကလေးဝမြို့၌ ပြည်သူ့ဆေးရုံ အဆောက်အဦသစ်ဖွင့်
11/02/19
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ ပြည်သူ့ဆေးရုံ အဆောက်အဦသစ် ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၁ နာရီက ကျင်းပရာ
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ
11/02/19
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများဖြစ်ကြသည့် ထုပ်စည်းတိုး(အမျိုးသမီး)၊ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို ယနေ့ နံနက်(၈)နာရီက နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁/၂/၃) တို့၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ အားကစားဝါသနာရှင် အရာထမ်း၊ အမှုထမ်းများ လာရောက်ကြည့်ရှု အားပေးသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံး အပူချိန်နှင့် မိုးရေချိန်
11/02/19
နေပြည်တော် ၁၁ ဖေဖော်ဝါရီ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံး အပူချိန်နှင့် မိုးရေချိန်တို့ကို အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။
MDN
(၇၂)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ညောင်ရွှေမှပင်းတယမြို့သို့ စက်ဘီးစီးနင်းမည်
11/02/19
၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်မှ အပျော်စီး စက်ဘီးစီး အဖွဲ့ဖြစ်သော Southin Shan State Old Star Cycling and Cyclist Nyaung Shwe Group စက်ဘီးစီးအဖွဲ့ဝင်များက ညောင်ရွှေမြို့မှ ပင်းတယမြို့သို့ အပျော်တမ်း စက်ဘီးစီးနင်းကြ မည်ဖြစ်ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ကျန်းမာရေးအသိပညာပေးဟောပြောပြီး တိုင်းရင်းဆေးဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသပေး
11/02/19
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျေးလက်နေ ပြည်သူများကို ကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် တိုင်းရင်းဆေးပညာဖြင့် အခမဲ့ဆေးကုသပေးခြင်းကို ဖေဖော်ဝါရီ ၁၁ ရက်၊နံနက် ၉ နာရီက လေးဆူကျေးရွာ(ဓမ္မာရုံ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။