အွန်လိုင်းမှ ပြသလေ့လာရမယ့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)

နှစ်စဉ် ဇူလိုင်လရောက်တိုင်း ဇူလိုင် မိုးစက်တွေနဲ့အတူ ဆို့နင့်ကြေကွဲမှုတွေ ဖြစ်ပေါ်ခံစားရတာ အကြိမ်ကြိမ်ပါပဲ။ မိုးတွေ စွေနေတတ်တဲ့ ဇူလိုင် ၁၉ ရက်ဟာ ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင် တွေ ကျဆုံးခဲ့ရတဲ့နေ့ဖြစ်တာမို့ ပြည်သူ တစ်ရပ်လုံးရင်ထဲမှာ နှမြောတသပူဆွေး ဝမ်းနည်းကြေကွဲခဲ့ရတဲ့စိတ်တွေ ဖြစ်ပါတယ်။