နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် သထုံအကျဉ်းထောင်မှ အကျဉ်းသား ၁၁ ဦး လွတ်မြောက်

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား အကျဉ်းသူ (၆၅၂၀) ဦးအား ယနေ့ နံနက်ပိုင်းက လွတ်ငြိမ်းသက်သာ ခွင့်ပေးခဲ့ရာ မွန်ပြည်နယ် သထုံမြို့ရှိ သထုံအကျဉ်းထောင်မှ အကျဉ်းသား ၁၁ ဦး လွတ်ငြိမ်းခွင့် ရရှိခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့နယ်၌  စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဖွင့်ပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၇ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့၌ မှိုမျိုးစုံ စိုက်ပျိုးထုတ်လုပ်နည်းသင်တန်းဖွင့်
မှိုမျိုးစုံ စိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို မေ ၆ ရက်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မအူပင်မြို့၌ အဆင့်မြင့်ကွန်ပျူတာ (Digital Photo Editing) အမှတ်စဉ် (၁/၂၀၁၉)သင်တန်းဖွင့်
ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အဆင့်မြင့်ကွန်ပျူတာ (Digital Photo Editing)သင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲ ကို မေ ၆ ရက်က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်၌ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး
မလှိုင်မြို့နယ်တွင် ၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်ပြီး မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ် (မလှိုင်ဘဏ်ခွဲ ) မှ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၁၉ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၉ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေ ၆ ရက်မှ စတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ရေရှားပါးသော ကျေးရွာများသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကွင်းဆင်းကြည့်ရှု
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်တို့သည် တာဝန်ရှိသူများနှင့်အတူ မေ ၆ ရက် ညနေပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုရှိ ရေရှားပါးသည့် ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။