ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ရိုက်နှိပ်ပြီးစီးမှု အခြေအနေများ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် မတ် ၁၆ ရက် နံနက် ၉ နာရီတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့်ထုတ်ဝေသူ လုပ်ငန်းရှင်များမှ တင်ဒါလက်ခံရယူ ဆောင်ရွက်နေသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ရိုက်နှိပ်ပြီးစီးမှု အခြေအနေများကို အဆိုပါပုံနှိပ်တိုက်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။



