၂၀၁၉ ခုနှစ် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဂီတဖျော်ဖြေပွဲကျင်းပ

၂၀၁၉ ခုနှစ် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဂီတဖျော်ဖြေပွဲကို ယနေ့ ည ၆ နာရီက ရန်ကုန်မြို့ ရှိ One Entertainment Park Indoor ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြန်လည်စွန့်လွှတ်အပ်နှံသည့် လယ်ယာမြေများ မူလပိုင်ရှင် တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား
မူလပိုင်ရှင် တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၃) များ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
သံဖြူဇရပ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ 
သံဖြူဇရပ်မြို့နယ် အားကစားပြိုင်ကွင်းအတွင်း မွန်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ  (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲက စတင်ကျင်းပခဲ့သည်။ 
နယ်လှည့်စာကြည့်တိုက်နှင့် တိုင်းရင်းဆေးအသိပညာပေးခြင်း မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်
မိုးကောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်နှင့် တိုင်းရင်းဆေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို မန်ရွက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက် ၁၁ နာရီခွဲတွင် ဆောင်ရွက်ခဲ့သည်။ 
အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့  ပထမအစည်းအဝေး ကျင်းပ
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ပထမအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊  သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
ပလက်ဝတံတားစီမံကိန်းတွင် အသုံးပြုရန် လိုအပ်သောသံပေါင်များ တင်ဆောင်လာသည့် ရေယာဉ်တစ်စီးအား AA သောင်းကျန်းသူအဖွဲ့က မီးရှို့ခဲ့
ပလက်ဝတံတားစီမံကိန်းတွင် အသုံးပြုရန် လိုအပ်သော သံပေါင်များ တင်ဆောင်လာသည့် ရေယာဉ်တစ်စီးအား ယနေ့နံနက်ပိုင်းတွင် AA သောင်းကျန်းသူအဖွဲ့က မီးရှို့ခဲ့ကြောင်း သိရသည်။
ရန်ကုန်စာအုပ်လမ်းတွင် ကလေးစာပေစာအုပ်များ လာရောက်ဝယ်ယူသူများပြား
ရန်ကုန်စာအုပ်လမ်းတွင် နွေရာသီကျောင်းပိတ်ရက်၌ ကလေးစာပေစာအုပ်များ လာရောက်ဝယ်ယူသူ များပြားလျက်ရှိသည်။