ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Martin Tlapa နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
မန္တလေး တောသင်္ကြန်တွင် နေ့ရောညပါ ရောင်းချခွင့်ပေးမည့် ဆိုင်ခန်း ၂၁၈ ခန်းကို ကျပ်နှစ်သိန်းနှုန်းဖြင့် ဦးရာလူစနစ်ကို ရောင်းချပေးမည်
ယခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲရောင်းချမည့် တောသင်္ကြန်ဈေးတန်း ဆိုင်ခန်းခနှုန်းထားများကို ငွေကျပ် ၂ သိန်းဖြင့် ရောင်းချကောက်ခံသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံက သိရသည်။
အင်ဒိုအစိုးရမှ ဆန်စပါးတင်ဒါခေါ်ယူရာတွင် မြန်မာကုမ္ပဏီများ ဝင်ရောက်ယှဉ်ပြိုင်ရန် ကမ်းလှမ်း
အင်ဒိုနီးရှားနိုင်ငံမှ ဆန်စပါးဝယ်ယူရန်အတွက် တင်ဒါခေါ်ယူရာတွင် မြန်မာနိုင်ငံရှိ ဆန်တင်ပို့သည့် ကုမ္ပဏီများ ဝင်ရောက်ယှဉ်ပြိုင်ရန် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ 
ကံ့ကော်တစ်ထောင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် နှစ်(၁၀ဝ)ပြည့် သာသနာ့ဗိမာန်တော် မုခ်ဦးဖွင့်ပွဲ အခမ်းအနားကျင်းပ
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ ပေချောင်းကြီးကျေးရွာ ကံ့ကော်တစ်ထောင်ဗုဒ္ဓပူဇနိယပွဲတော်နှင့် နှစ်တစ်ရာပြည့် သာသနာ့ဗိမာန်တော်ကြီး မုခ်ဦးပြာသာဒ်ဖွင့်ပွဲ အခမ်းအနားကို-----
နှစ်ပေါင်း(၁၂၀)ခန့်သက်တမ်းရှိ ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြုပြင်ရန် အလှူငွေ ပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပင်ပျော် ကျေးရွာအုပ်စု၊ လေထိုးကုန်းကျေးရွာရှိ အင်းဝန်းရှေးဟောင်းဘုန်းတော်ကြီးကျောင်း ပြုပြင် ဆောက်လုပ်ရန်အတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ယမန်နေ့က အလှူငွေပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ငါ့သရောက်မြို့နယ်အတွင်း သောက်သုံးရေအခက်ကြုံနေသည့် ကျေးလက်နေ ပြည်သူများ အား  သောက်သုံးရေများ ဖြန့်ဝေပေး
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ထန်းပေါက်ကုန်းကျေးရွာတွင် အဝီစိစက်ရေတွင်း ချို့ယွင်းသွားသဖြင့် ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေ ရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း ...........
ဓမ္မာစရိယနှင့် (၆၁) ကြိမ်မြောက် ပါဠိပထမပြန်စာအောင် ဆုနှင်းသဘင် ကျင်းပ
မုဒုံမြို့နယ် စာအောင်ဆုနှင်းသဘင်ကျင်းပရေးအဖွဲ့က ကြီးမှူးကျင်းပသော အဋ္ဌမအကြိမ်မြောက် ဓမ္မာစရိယနှင့် (၆၁)ကြိမ်မြောက် ပါဠိပထမပြန် စာအောင်ဆုနှင်းသဘင် ဆုချီးမြှင့်ပွဲအခမ်းအနားကို မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်ရှိ က္ကစာသယ သာသနာ့ဗိမာန်တော်ကြီး၌ မတ်လ (၅) ရက်၊ မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။