မန္တလေးမြို့တွင် တရုတ်အစားအစာ စားဖိုမှူးမွမ်းမံသင်တန်း ဖွင့်လှစ်
တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းကျင်းပသော တရုတ်အစားအစာ စားဖိုမှူး မွမ်းမံသင်တန်းကို မန္တလေးမြို့၊ ၅၃ လမ်း၊၃၁×၃၂လမ်းကြားရှိ Golden Hotel တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။






