ပါမောက္ခချုပ်ဆရာတော် ကျန်းမာရေးအခြေအနေကြောင့် တရားဟောခြင်း သုံးလ ရပ်ဆိုင်းထား
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်၊ မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးများ၏ နာယက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ(Ph.D)အရှင်သူမြတ်သည် ကျန်းမာရေးအခြေအနေကြောင့် တရားဟောခြင်း အချိန် သုံးလ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့ က ထုတ်ပြန်ခဲ့သည်။








