မြို့ကြီးလေးမြို့တွင် ပထမအကြိမ် သနပ်ခါးပွဲတော် အခမ်းအနားများ ကျင်းပ 

ယခုနှစ်မှ စတင်၍ တပို့တွဲလပြည့်နေ့ကို မြန်မာသနပ်ခါးနေ့ အဖြစ် သတ်မှတ်ကာ အရာတော်၊ ရွှေဘို၊ ရေစကြို၊ မြိုင် မြို့ တို့တွင် ပထမအကြိမ် မြန်မာ့သနပ်ခါးနေ့ အခမ်းအနားများကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ၊ နံနက်ပိုင်းအချိန်က စတင်ကျင်းပခဲ့ကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။
ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာ တောင်သူများ၏ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီပေးပို့နိုင်ပြီ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော တောင်ခင်ရန်း ကျေးရွာအုပ်စု၊ တောင်ခင်ရန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ရာခိုင်နှုန်းပြည့်ပြီးစီး၍ အဆိုပါကျေးရွာရှိ တောင်သူများ၏ လယ်ယာထွက်ကုန်းများ ဈေးကွက်သို့ အချိန်မီ ပေးပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။
ဝင်ငွေနည်းမိသားစုများအတွက် အရင်းအနှီးများရရှိစေရေး လုပ်ငန်းလိုင်စင်ရရှိထားသော အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး
နေပြည်တော် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန နှင့် နေပြည်တော်အတွင်းရှိ အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပုသိမ်၌ စပါးတန်းဖိုးမြှင့် ကွင်းဆက်စီမံကိန်း လက်တွေ့သုတေသန လုပ်ဆောင်မှုရလဒ်များ ချပြရှင်းလင်း
မေတ္တာဖွံ့ဖြိုရေးဖောင်ဒေးရှင်းမှ ပြုလုပ်သော စပါးတန်းဖိုးမြှင့် ကွင်းဆက်စီမံကိန်း လက်တွေ့သုတေသန လုပ်ဆောင်မှုရလဒ်များ ချပြရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်ဟိုတယ်၌ ကျင်းပခဲ့သည်။
၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မုံရွာခရိုင်အတွင်း စာစစ်ဌာန(၃၁)ခု ဖွင့်လှစ်ကျင်းပသွားမည်
၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ် (၄)ခု၌ စာစစ်ဌာန(၃၁)ခုဖြင့် ဖွင့်လှစ် ကျင်းပသွားမည်ဖြစ်ကြောင်း မုံရွာခရိုင် အခြေခံပညာ ဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းဇံအောင်၏ ပြောကြားချက်အရ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တရားမဝင် သစ်ရာင်းဝယ်မှု ပပျောက်စေရန်  သစ်မျိုးစုံ တန်ချိန် ၉၀ဝ ကျော် ရောင်းချပေးမည်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သစ်အခြေခံ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME)ကို လာမည့် မတ်လအတွင်း သစ်မျိုးစုံကုန်ကြမ်း တန်ချိန် ၉၀ဝ ကျော် ရောင်းချပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနမှ သိရသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန တွင် (ဒုတိယအကြိမ်) နွေရာသီ အခြေခံ ပန်းချီသင်တန်းဖွင့်လှစ်
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်း၍ ကျောင်းသားအရွယ် ကလေးငယ်များ ဉာဏ္ဏစွမ်းရည် ဖွံ့ဖြိုးစေရေး၊ ငယ်ရွယ်စဉ်မှစတင်ပြီ .....