ပညာရေးဝန်ကြီးဌာန၊ Telecom International Myanmar Co., Ltd. (Mytel) နှင့် Skynet တို့ ပူးပေါင်းမှုဖြင့် မြန်မာလူငယ်များ မြန်မာစာ၊ မြန်မာစကားကို ချစ်ခင်မြတ်နိုးစိတ် ဖြစ်ပေါ်လာစေရေးနှင့် မြန်မာစကားပြော စွမ်းရည်များ တိုးတက်လာစေရေး၊ ထိုမှတစ်ဆင့် ပြင်ပစာပေဖတ်ရှုသည့် အလေ့အထများ ထွန်းကားလာစေတို့ကို ရည်ရွယ်၍ ပထမအကြိမ် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ မြန်မာစကားပြော စွမ်းရည်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်မှ မတ် ၃ ရက်အထိ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် တိရစ္ဆာန်ဥယျာဉ်လမ်းရှိ Mytel ရုံးချုပ်၌ ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။