ညောင်တုန်းမြို့နယ် အနှေးယာဉ် လုပ်သားများနှင့် မြို့နယ်စည်ပင်မှ သန့်/သာ/လှဝန်ထမ်းငယ်များအား စားသောက်ကုန်များ လှူဒါန်း

ညောင်တုန်းမြို့နယ် ဌာနဆိုင်ရာများ၊ အလှူရှင်များ/စေတနာရှင်တစ်စု၏ "မျှဝေခြင်း" ကုသိုလ်အဖြစ် မြို့နယ်အတွင်းရှိ အနှေးယာဉ် လုပ်သားများနှင့် မြို့နယ်စည်ပင်မှ သန့်ရှင်း/ သာယာ/ လှပရေး ဝန်ထမ်းငယ်များအား ဆန်၊ ဆီ အပါ အဝင် စားသောက်ကုန်ပစ္စည်း ခြောက်မျိုးကို ယနေ့ နံနက် ၇ နာရီက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် လှူဒါန်းပေးခဲ့သည်။ 
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူတွေအနေနဲ့  နှာခေါင်းစည်းတွေကို တပ်ရန် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဆော်ဩ 
ကိုဗစ်-၁၉ ရောဂါပိုးသည် ပိုးစတွေ့ပြီး နှစ်ပတ်၊ သုံးပတ်အတွင်း ရောဂါဖြစ်ပွားသူ အမြောက်အမြား တွေ့ရှိရတတ်သောကြောင့် ပြည်သူများအနေဖြင့် ကူးစက်မှုမရှိစေရန် မိမိကိုယ်ကိုယ် အထူးဂရုပြုသင့်ကြောင်း မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။ ဧပြီ ၁၀ ရက်နေ့အထိ ရောဂါပိုးရှိသူအရေအတွက် တက်လာနိုင်ကြောင်း ခန့်မှန်းထားပြီး အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ကိုဗစ်-၁၉ စောင့်ကြည့်ရေးစခန်းများ အပါအဝင် မြို့ပေါ်ရပ်ကွက်များတွင် အင်အားပြလှည့်ကင်း (SHOW OF FORCE) များ ဘားအံမြို့တွင် ဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မှုခင်းကျဆင်းရေးနှင့် လုယက်မှု၊ ဒုစရိုက်မှုများ လျော့နည်းကျဆင်းရေးအတွက် ရည်ရွယ်ပြီး ဘားအံမြို့ပေါ် ရပ်ကွက်များအတွင်းနှင့် ကိုဗစ်-၁၉ စောင့်ကြည့်ရေးစခန်းများတွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဧပြီ ၇ ရက်နေ့မှ ညနေ ၆ နာရီမှ စတင်ကာ အင်အားပြလှည့်ကင်း(SHOW OF FORCE) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ခရီးသည်တင်မော်တော်ယာဉ်နှင့် ရေယာဉ်များအား ပိုးသတ်ဆေးဖျန်း
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ခရီးသွားပြည်သူများ ရောဂါပိုးကူးစက်မှု မရှိစေရေးအတွက် ခရီးသည်တင် မော်တော်ယာဉ်နှင့် ရေယာဉ်များတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းအား ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်၌ ပြည်ပမှပြန်လည်ရောက်ရှိလာသော Home Quarantine စောင့်ကြည့်သူ(၆၂)ဦးတို့အား အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများထောက်ပံ့
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ပြည်ပမှပြန်လည်ရောက်ရှိလာသော Home Quarantine စောင့်ကြည့်သူ (၆၂) ဦးတို့အား မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက အစားအစာနှင့်အသုံးအဆောင်ပစ္စည်းများ ကူညီထောက်ပံ့ခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် လမ်းသွားလမ်းလာနှင့် ခရီးသွား ပြည်သူများအား နှာခေါင်းစည်းများ လှူဒါန်းတပ်ဆင်ပေး
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူဖြစ်စေရန်နှင့် ပြည်သူ များ အပြင်ထွက်သွားလာရာ၌ နှာခေါင်းစည်းတပ်ဆင်သွားလာသည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်ချက်ဖြင့်  လမ်းသွားလမ်းလာနှင့် ခရီးသွားပြည်သူများအား ဧပြီ ၈ ရက် နံနက် ၉ နာရီက  မြစ်ငယ်ရပ်ကွက်ရှိ ဗိုလ်ချုပ် ကြေးရုပ်အရှေ့တွင် နှာခေါင်းစည်းများ လှူဒါန်းတပ်ဆင်ပေးကြသည်။
ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့်ကိစ္စရပ်များအပေါ် အများပြည်သူများ သတင်းပေးဆက်သွယ်နိုင်
Hotline ဖုန်းများအား ၂၄ နာရီ ဖွင့်လှစ်ထားပါ၍ သတင်းပေးဆက်သွယ်နိုင်ပါကြောင်း Coronaviurs Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အသိပေးထုတ်ပြန်ထား