ပရီမီယာလိဂ်ပွဲစဉ် (၁၉) အဖြစ် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက အက်စ်တွန်ဗီလာ အသင်းနှင့် ချယ်ဆီးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ချယ်ဆီးအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ချယ်ဆီးအသင်း သည် ဦးဆောင်သူ မန်စီးတီး အသင်းနှင့် ပွဲအရေအတွက်တူ ခြောက်မှတ်အကွာသို့ ရောက်ရှိလာခဲ့သည်။