ဆယ်စုနှစ်တစ်ခုကျော် ကျင်းပနိုင်ခြင်းမရှိသည့် အာဆီယံကလပ်ပြိုင်ပွဲ ပြန်လည်ကျင်းပရန် စီစဉ်
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ဆယ်စုနှစ်တစ်ခုကျော် ကျင်းပနိုင်ခြင်းမရှိသည့် အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ယင်းပြိုင်ပွဲကို ၂၀၀၃ နှင့် ၂၀၀၅ ခုနှစ်တွင် ကျင်းပပြီးနောက်ပိုင်း ကျင်းပနိုင်ခြင်းမရှိဘဲ လာမည့်နှစ်မှသာ ပြန်လည် ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။








