အာဖရိကနိုင်ငံများဖလား သွားကစားမယ့် ကစားသမားသုံးဦးနေရာကို အစားထိုးခေါ်ယူမည်မဟုတ် ကြောင်း လီဗာပူးနည်းပြပြောကြား
လီဗာပူးအသင်းရဲ့ အားထားရတဲ့ ကစားသမားတွေဖြစ်တဲ့မိုဟာမက် ဆာလာ၊ ဆာဒီယိုမာနေးနဲ့ နာဘီကီတာတို့ဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို နိုင်ငံကိုယ်စားပြုအသင်းတွေအတွက် သွားရောက်ကစားမှာဖြစ်ပေမယ့် အဲဒီကစားသမားသုံးဦးနေရာအတွက် ဇန်နဝါရီအပြောင်းအရွှေ့ ကာလအတွင်းမှာ အစားထိုးကစားသမားခေါ်ယူသွားမှာမဟုတ်ဘူးလို့ လီဗာပူးအသင်းနည်းပြ ကလော့ က ပြောကြားခဲ့ပါတယ်။



