အာဆင်နယ်ကို အနိုင်ယူပြီး နောက်ဆုံးရှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့သည့် ဘင်နီတက်ဇ်၏ အဲဗာတန်
ပရီမီယာလိဂ်ပွဲစဉ် (၁၅)၏ နောက်ဆုံးပွဲစဉ်အဖြစ် ဘင်နီ တက်ဇ်၏ အဲဗာတန်အသင်းနှင့် အာတီတာ၏ အာဆင်နယ် အသင်းတို့ပွဲစဉ်ကို ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက အဲဗာတန်အိမ်ကွင်းဖြစ်သည့် ဂွတ်ဒီဆင် ပတ်ခ်၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ အဲဗာတန်အသင်းက ဂရေး၏ နောက်ကျဂိုးနှင့်အတူ နှစ်ဂိုး- တစ်ဂိုးဖြင့် အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့သည်။
မြန်မာ ယူ-၂၂ အသင်း အာဆီယံ ယူ-၂၂ ပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲအတွက် လာမည့် နှစ်ဆန်းပိုင်းတွင် စတင်ပြင်ဆင်မည်
မြန်မာ ယူ-၂၂ အမျိုးသားဘောလုံးအသင်းသည် လာမည့်နှစ်တွင် ကျင်းပမည့် အာဆီယံယူ-၂၂ ပြိုင်ပွဲ နှင့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် လာမည့် နှစ်ဆန်းပိုင်းတွင် စတင်ပြင်ဆင်သွားမည်ဖြစ်သည်။
ဦးဆောင်ဂိုး စတင်ခွင့်ပြုပေးခဲ့ရသော်လည်း လက်စတာစီးတီးကို နှစ်ဂိုး-တစ်ဂိုးဖြင့် အက်စ်တွန်ဗီလာအသင်း အနိုင်ရရှိ
ပရီမီယာလိဂ်ပွဲစဉ်(၁၅)ရဲ့ ဒီဇင်ဘာ ၅ ရက်နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စ်တွန်ဗီလာ အသင်းနဲ့ လက်စတာစီးတီးအသင်းတို့ရဲ့ ပွဲစဉ်မှာ အက်စ်တွန်ဗီလာအသင်းဟာ လက်စတာစီးတီး အသင်းကို ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပေမယ့် နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပေါ့ဂ်ဘာ၏နေရာကို ဂျွန်မက်ဂင်ဖြင့် အစားထိုးရန်စီစဉ်
မန်ယူယာယီနည်းပြ ရန်းနစ်ခ်သည် လာမည့်နွေရာသီအပြောင်းရွှေ့ကာလတွင် အိုးထရက်ဖို့ဒ်မှ ထွက်ခွာ ဖွယ်ရှိသော ပေါ့ဂ်ဘာ၏နေရာကို အက်စ်တွန်ဗီလာအသင်း ကွင်းလယ်ကစားသမား ဂျွန်မက်ဂင်ဖြင့် အစားထိုးရန် စီစဉ်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာအသင်း စင်ကာပူကို အရေးနိမ့်
၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှစ၍ စင်ကာပူနိုင်ငံ၌ စတင်ကျင်းပရာ အိမ်ရှင်စင်ကာပူနှင့် ထိုင်းအသင်း ပွဲဦးထွက်အနိုင်ရခဲ့ပြီး မြန်မာနှင့်တီမောအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။
ယခုဘောလုံးရာသီအတွင်း ပရီမီယာလိဂ်အမှတ်ပေးဇယားထိပ်သို့ ပထမဆုံးအကြိမ်အဖြစ် မန်စီးတီး အသင်း တက်လှမ်းခွင့်ရရှိခဲ့
ပရီမီယာလိဂ်ပွဲစဉ်(၁၅)ရဲ့ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်ဖို့ဒ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်းက ဝက်ဖို့ဒ်အသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ကြောင့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ပရီမီယာလိဂ် ပြိုင်ပွဲအမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပထမဆုံး အကြိမ် တက်လှမ်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။