အမျိုးသားဘလွန်းဒီအောဆုကို ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီနှင့် အမျိုးသမီးဘလွန်းဒီအောဆုကို ဘာစီလိုနာအသင်းခေါင်းဆောင် ပူတဲလပ်စ်တို့ ဆွတ်ခူး
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၁ ဘလွန်း ဒီအောဆုပေးပွဲတွင် ပီအက်စ်ဂျီနှင့် အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ဘိုင်ယန်မြူးနစ် နှင့် ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါစကီး၊ ချယ်ဆီးနှင့် အီတလီကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုတို့ကို ကျော်ဖြတ်ကာ အမျိုးသားဘလွန်းဒီအောဆုကို ခုနစ်ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။





