ဝက်ဖို့ဒ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ဆိုးလ်ရှားကို နည်းပြအဖြစ်မှ မန်ယူအသင်း ထုတ်ပယ်
မန်ယူအသင်းသည် ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ် (၁၂)တွင် ပြိုင်ဘက် ဝက်ဖို့ဒ်အသင်းကို လေးဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် နည်းပြ အိုလေဂန်းနား ဆိုးလ်ရှားကို အသင်းနည်းပြအဖြစ်မှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။





